ကွန်ပျူတာ password မသိခဲ့ရင်
အားလုံးပဲ မင်္ဂလာပါဗျာ
ဒီ post လေးကတော့ ရုံးလုပ်ငန်း၊ အများသုံး ကွန်ပျူတာ အသုံးပြုသူများ
အတွက် အသုံးဝင်မယ်လို့ ယူဆပါတယ် ရှယ်လိုက်ပါရစေ……….
အများသုံး ကွန်ပျူတာ တွေမှာ User account တွေ နှစ်ခု သုံးခု စသဖြင့်ရှိတက်ကြပါတယ်
မိမိနဲ့ ကွန်ပျူတာ တစ်လုံးထဲမှာပဲ အသုံးပြုသူရဲ့ data တွေကို ၀င်ရောက်ကြည့်ရှု ချင်တယ် password လဲမသိဘူး ဆိုရင်
ဘယ်လိုလုပ်ရမလဲဆိုတော့ ဒီလိုလုပ်ပါဗျာ.. (အခြားသူရဲ့ account ကို password ပြောင်းနိုင် Access လုပ်နိုင်တဲ့ နည်းလမ်းလေးပါ
)

နည်းနည်း ပိုရှင်းသွားအောင် ကျွန်တော် ထပ်ပြောပါမယ် ဆိုကြပါစို့ ကျွန်တော် ရယ် ကိုကိုအောင် ရယ်ဟာ
ကွန်ပျူတာ တစ်လုံးထဲကို အသုံးပြုနေ တယ် ကျွန်တော်က ကိုကိုအောင် ရဲ့ account ထဲဝင်ကြည့်ချင်တယ်
ဆိုရင်ပေါ့ ဗျာ ( ဥပမာ ပြောပြနေတာနော် :P)
ပထမဆုံး ကျွန်တော် account ထဲ ကို ၀င် လိုက်ပါမယ်
ပြီးရင် MY computer ကို right click ထောက်ပြီး Manage ကို ရွေးပါမယ်
အဲဒီအခါမှာတော့ Computer management ဆိုတဲ့ box အခုလိုတွေ့ ရမှာပါ

Local user and group ကိုရွေးပါမယ် user , group နှစ်ခုရှိတဲ့ အထဲက user ကို double click လိုက်ပါမယ်
အဲဒီမှာတော့ ကိုကိုအောင် ဆိုတဲ့ နာမည် နဲ့ description ကို တွေ့ ရမှာ ပါ ကိုကိုအောင် ဆိုတဲ့ item လေးကို
Right click ထောက်ပြီး set password ကို ရွေးပြီး proceed ကို click ပြီး password တစ်ခုခု ပြောင်းထည့်လိုက်မယ်ဗျာ

ပြီးရင်တော့ ထုံးစံအတိုင်း ok ပေးပြီး
Start menu ကိုသွားပြီး log off ကို ရွေးပြီး switch user ကို click ပါ
ပြီးရင်တော့ ကိုကိုအောင် ရဲ့ user log in မှာ ကျွန်တော် အခုနက ပြောင်ထားတဲ့ password ကို ရိုက်ထည့်ပြီး
ဝင်လိုက်ယုံပဲပေါ့ဗျာ
နောက်တစ်ခုပြောပြချင်တာကတော့ မိမိက ဟိုနားဒီနားကို ခဏတစ်ဖြုတ် သွားစရာရှိတယ်
ကွန်ပျူတာ ကို လဲ မပိတ်ခဲ့ ချင်ဘူး မိမိ ကွန်ပျူတာကို လဲ သူများဝင်မကိုင်စေချင်ဘူး ဆိုရင်
ဘယ်လိုလုပ်ရမလဲဆိုတော့ ဒီလိုလုပ်ပါဗျာ
Run box မှာ control desktop ကို ရိုက်ထည့်ပါ
Display properties ဆိုတဲ့ dialog box ကျလာပါမယ်
Screen saver ကို ရွေးပါမယ် အလယ်နားလေးက
On resume ,display Welcome screen ဆိုတဲ့
စာကြောင်းလေးကို check လုပ်ပြီးတော့
Wait နေရာမှာ မိမိနှစ်သက်တဲ့ မိနစ်ကို ရွေးပြီး
Apply , Ok ပေါ့ဗျာ မိမိ accept ပေးထားတဲ့ မိနစ်ပြည့်သွားတာ နဲ့
Window က auto password ခံသွားမှာဖြစ်ပါတယ်..

(မှတ်ချက်။ password မှာ user account password အတိုင်းပင်ဖြစ်ပါတယ်၊
ကွန်ပျူတာမှာ user password ခံမထားဘူးဆိုရင်တော့ အကျိုးသက်ရောက် မှု့ မရှိပါဘူး)
အကျိုးရှိရှိ အသုံးချနိင်ကြပါစေ…
Popular posts from this blog
မသန်စွမ်းသူများဘဝလှပဖို့
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းထုတ်ပြန်သည့် မသန်စွမ်းမှုဆိုင်ရာ ကမ္ဘာ့အစီရင်ခံစာ (၂၀၁၀)အရ ကမ္ဘာ့လူဦးရေ သန်းတစ်ထောင်ကျော်သည် မသန်စွမ်းမှု တစ်မျိုးမျိုးကို ခံစားနေကြရသည်။ မသန်စွမ်းသူတိုင်း လူ့အခွင့်အရေးအားလုံးနှင့် အခြေခံ လွတ်လပ်ခွင့်များကို ညီမျှစွာအပြည့်အဝရရှိရေးတို့ကို ကာကွယ်စောင့်ရှောက်ရန်၊ တိုးမြှင့် လုပ်ဆောင်နိုင်ရန်နှင့် မသန်စွမ်းသူများ၏ မွေးရာပါဂုဏ်သိက္ခာကို ပိုမိုလေးစားမှု ရှိစေရန်အတွက် ကုလသမဂ္ဂမသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာကွန်ဗင်းရှင်း (United Nations Convention on the Rights of Persons with Disabilities - UNCRPD) ကို ၂၀၀၆ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် ထုတ်ပြန်ပြဋ္ဌာန်းခဲ့ရာ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံပေါင်း ၁၇၅ နိုင်ငံက ပါဝင် လက်မှတ်ရေးထိုးပြီးဖြစ်သည်။
▲ကွန်ဗင်းရှင်းတစ်ခုဖြစ်▲
စင်စစ် UNCRPD သည် မသန်စွမ်းသူများအတွက် အခွင့်အရေးအသစ်များကို တောင်းခံနေခြင်း မဟုတ်ဘဲကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းပါ ပြဋ္ဌာန်းချက်များနှင့်အညီ မသန်စွမ်းသူများ ရသင့်ရအပ်သော အခွင့်အရေးများအကြောင်းကို ဖော်ပြထားသော ကုလသမဂ္ဂကွန်ဗင်းရှင်း တစ်ခုဖြစ်သည်။ ထို့အပြင် စာချုပ်အဖွဲ့ဝင်နိုင်ငံများအားလုံး…

ဘဝလှပပြည့်စုံဖို့အသိပညာရှာကြစို့
အသိပညာ ဆိုတာ စွမ်းရည်ခွန်အားဆိုပြီး ပြောလေ့ရှိကြပါတယ်။ ပြောင်းလဲတိုးတက်နေတဲ့ခေတ်မှာ အသိပညာရှင်တွေဟာ သိပ္ပံနဲ့နည်းပညာတွေကို ပေါင်းစပ်ပြီး လူသားတွေအကျိုးရှိစေမယ့် အရာတွေကို လုပ်ဆောင်နိုင် လာပြီပဲ ဖြစ်ပါတယ်။ အသိပညာရှိတဲ့လူတွေအတွက် အကောင်းဆုံးပေးတဲ့ ဥပမာကတော့ အခြားသတ္တဝါတွေ နဲ့ ယှဉ်ပြီး ပြောဆိုခြင်းပဲ ဖြစ်ပါတယ်။ ဘယ်အရာကကောင်းတယ်၊ ဘယ်အရာက မကောင်းဘူးဆိုပြီး ဆုံးဖြတ်ရတဲ့အခါမျိုးတွေမှာဆိုရင် အသိပညာရှိတဲ့သူတွေက အကောင်းဆုံးအရာတွေကိုရွေးချယ်တတ်ကြပြီး သူတို့ဘဝ တိုးတက်မှုအတွက် အကျိုးရှိတာတွေကိုလုပ်ဆောင်လေ့ရှိကြပါတယ်။အသိပညာဆိုတာ လူတွေရဲ့ဘဝအတွက် ရည်မှန်းချက် ပန်းတိုင်ကိုသွားတဲ့ခရီးမှာ အသုံးပြုတဲ့ကားရဲ့လောင်စာဆီလို့တောင် ဆိုရမှာဖြစ်ပါတယ်။ လိုအပ်မှုရှိလာတဲ့အ ခါတိုင်းမှာ ထပ်မံဖြည့်စွက်မှုပြုလုပ်ပြီး အောင်မြင်ပြည့်စုံမှုတွေ ရှိနေတဲ့ ကိုယ်ရဲ့ပန်းတိုင်ကို အရောက် သွားရမှာလည်း ဖြစ်ပါတယ်။
ကလေးငယ်ရဲ့နားတွေကို ဘယ်လိုသန့်ရှင်းပေးမလဲ
Pixabay မိဘတွေက ကလေးတွေကို ရေချိုးပေးတဲ့အခါတိုင်း နားအပြင်ပိုင်းကို သန့်ရှင်းပေးတယ်ဆိုပေမယ့်၊ နားအတွင်းပိုင်းအထိ သန့်ရှင်းပေးစရာမလိုအပ်ပါဘူး။ နားထဲကို လက်တွေ၊ သေးငယ်တဲ့ပစ္စည်းတွေဘာအရာပဲဖြစ်ဖြစ် မထည့်တာအကောင်းဆုံးဖြစ်ပြီးတော့၊ ဒါတွေဟာ ပြဿနာဖြစ်ပေါ်စေနိုင်တာကြောင့်ပါ။ ကလေးငယ်တွေ မဆိုထားနဲ့ လူကြီးပိုင်းဆိုရင်တောင် သူ့နားထဲကို ဘယ်အရာနဲ့မှ နားထဲမထိုးသင့်ဘူးလို့ Iowaရှိ UnityPoint Health တက္ကသိုလ်မှာ ကလေးအထူးကုဆရာဝန်Anita Ahuja ကပြောပါတယ်။ ကလေးတွေရဲ့နားအပြင်ပိုင်းကိုသာ သန့်ရှင်းပေးပါ။
********** အထူးသဖြင့်ကလေးငယ်တွေကိုရေချိုးပေးတဲ့အခါ နားကိုသန့်ရှင်းမယ်ဆိုရင် နားရဲ့အပြင်ပိုင်းနေရာတွေကိုသာ ဆေးကြောသန့်စင်ပေးဖို့ အကြံပြုပါတယ်။ သင့်အနေနဲ့ အ၀တ်ကိုရေလေးနွေးနွေးစွပ်ပြီး သန့်စင်နိုင်သလို၊ baby shampooတစ်ချို့ကို အသုံးပြုနိုင်ပါတယ်။ baby shampoo တွေက ဆဲလ်သေတွေကိုဖယ်ရှားပေးတာ ဖြစ်ပါတယ်။ နောက်ပြီးလူကြီးတွေအနေနဲ့ ကလေးတွေရှေ့မှာ နားကျပ်တဲ့ဂွမ်းတံတွေကို အသုံးမပြုဖြစ်အောင်နေပါ။ ကလေးတွေဟာ ဒီအရွယ်မှာ လူကြီးတွေဘာလုပ်လဲ လိုက်ကြည့်ပြီး အတုယူနေတာဖို့ မလိုလားအပ်တဲ့ အန္တရာယ်တွေ ဖြစ်လာနိုင်ပါတယ်။
နားဖာချေးတွေကိုပုံမှန်ရ…

Comments