ဖာလာစေ့(သို့) CARDAMOM

Cardamom လို့ အဂ်လိပ်လိုခေါ်တဲ့ ဖာလာစေ့ ကို တနည်းအားဖြင့် India cardamom ဒေသန္တရ အနေအထားအရ အိန္ဒိယစကား kerala ကယ်ရာလာ က နေ မြန်မာလို ဖာလာ ဖြစ်လာတယ်လို့ ယုံကြည်ရပါတယ်။ ကျွန်တော် သတိထားမိသလောက် အမွှေးအကြိုင် (ဟင်းခပ် + လူသုံးကုန်) အများစုဟာ အိန္ဒိယ ဖက်က အများစုစတင်ထွန်းကားခဲ့တာပါ။ ကယ်ရာလာ ဆိုတာ အိန္ဒိယအနောက်မြောက်ပိုင်းက ပြည်နယ်ငယ် တစ်ခုရဲ့ နာမည်ဖြစ်ပါတယ်။ ဒေသအစွဲပြုခေါ်တဲ့ အသံကြားရာကတဆင့် မြန်မာမှုပြုပြီး ဖာလာ ဖြစ်လာတယ်လို့ ပြောရမှာပါ။



ဖာလာစေ့အပင်ပုံ။ Wikipedia

မြန်မာပြည်မှာ ဖာလာစေ့ အဓိကထား သုံးတဲ့ အရာ ၂ ခု ရှိပါတယ်။ ပထမ တစ်ခုက ဒံပေါက်ချက်ရာမှာအသုံးများတယ်၊ ဒုတိယ တစ်ခုက ကွမ်းယာထဲ ထည့်ဝါးကြတာ ဖြစ်ပါတယ်။ ထူးခြားတဲ့ အကျိုးအာနိသင် ဘာတွေရှိတယ်ဆိုတာထက် ဖာလာစေ့ရဲ့ မွှေးကြိုင်တဲ့ရနံ့ ကို အဆင်တန်ဆာ အဖြစ် ထည့်သွင်း အသုံးပြုကြခြင်း ဖြစ်ပါတယ်။ ဖာလာစေ့မှာ ယေဘူယျအားဖြင့် ပါဝင်တဲ့ အာဟာရတန်ဖိုးတွေက သိမ်းဆည်းမှုပုံစံကို လိုက်ပြီး ဆီ ပါဝင်မှုအချိုး အနဲ အများပေါ် မှုတည်ပါတယ်။ ပုံမှန်အားဖြင့် ဖာလာစေ့ထဲ ဆီ ပါဝင်မှုက ၈% လောက်ရှိတက်ပါတယ်။
ဖာလာစေ့ဆီထဲမှာ ပါဝင်တဲ့ ဓါတ်တွေ က အောက်ပါအတိုင်း ဖြစ်ကြပါတယ်။ အဂ်လိပ်အခေါ်အဝေါ်တွေ မြန်မာလို မသိလို့ တိုက်ရိုက် ဖေါ်ပြပေးလိုက်ပါတယ်။


၁ နှစ်သားအရွယ် ဖာလာအပင်ပုံ။



ဖာလာစေ့များ။

Comments