အလုပ်မှာပျော်ရွှင်ရဲ့လားဆိုတာ
သူငယ်ချင်းတို့အနေနဲ့ မနက်အိပ်ရာထတာနဲ့ အလုပ်သွားဖို့ ပြင်ဆင်ပြီး အားတက်သရော ဖြစ်နေတတ်ပါတယ် သူငယ်ချင်းရေ… မဟုတ်ဘဲ အလုပ်ကို သွားဖို့ တော်တော် ရုန်းကန်နေရတယ်ဆိုရင်တော့ ဒါ တစ်ခုခု မှားနေပြီလေ နော်..
အလုပ်ချိန်ကကြာနေလား?
ဝါသနာပါတဲ့ အလုပ်တစ်ခုက တစ်နေ့လုံး အချိန်တွေ ဘယ်လိုကုန်သွားမှန်းမသိအောင်ကို မြန်ဆန်တတ်ပါတယ်… ကိုယ်နဲ့မကိုက်ညီတဲ့ အလုပ်တစ်ခုသာဆို တစ်ချိန်လုံးနာရီကြည့်ပြီး ဘယ်အချိန်အိမ်ပြန်ရမလဲဆိုတာကို စောင့်နေတတ်တယ်မဟုတ်လား… အလုပ်ချိန်က သာမန်ထက် ပိုပြီးကြာရှည်တယ်လို့လည်း ထင်နေတတ်တယ်လေ… ဒါမျိုးဆိုရင် fri အနေနဲ့ ကိုယ့်ရဲ့အလုပ်ကို ပြန်ပြီး ဆန်းစစ်ကြည့်သင့်ပြီနော်…
ခက်ခဲတဲ့အလုပ်လို့ ထင်နေပြီလား?
fri ကို တာဝန်ပေးလိုက်တဲ့ အလုပ်တစ်ခုကို ယောင်းအနေနဲ့ အတတ်နိုင်ဆုံး လုပ်ကြည့်မယ် ဖြစ်အောင်လုပ်မယ်ဆိုတဲ့ စိတ်မျိုးမရှိတော့ဘဲ ဒီအလုပ်က ယောင်းအတွက်တော့ ခက်ခဲတာပဲ… မလုပ်နိုင်လောက်တော့ဘူးဆိုတာမျိုးဖြစ်နေရင်တော့ ဒီအလုပ်ကို ကိုယ်ဆက်လုပ်သင့်ရဲ့လားလို့ စဉ်းစားရပါတော့မယ်… ဝါသနာပါရာ အားသန်ရာအလုပ်ဆိုရင်တော့ ခက်ခဲနေရင်တောင် ဘယ်လိုဖြေရှင်းမလဲ ဒီကိစ္စကို ဘယ်လိုနည်းလမ်းတွေနဲ့ ဆက်ပြီး လုပ်ကိုင်ရမလဲဆိုတာတွေ စဉ်းစားပြီး အကောင်းဆုံးဖြေရှင်းဆောင်ရွက်နိုင်မှာပါ။
စိတ်ရောကိုယ်ပါ ပင်ပန်းနေပြီလား?
ဘယ်အလုပ်ပဲလုပ်လုပ် တစ်နေ့တာလုံး အလုပ်လုပ်ရတယ်ဆိုတော့ ပင်ပန်းတာတွေတော့ ရှိမှာပဲလေ.. လူပင်ပန်းတယ်လို့ ထင်ရုံတင်မကဘူး စိတ်ကပါပင်ပန်းနေပြီဆိုရင်တော့ ဒီအလုပ်က friအတွက် အဆင်ပြေတဲ့ အလုပ်တစ်ခု မဖြစ်နိုင်တော့ဘူး ယောင်းရေ… ကိုယ်ပျော်နေတဲ့အလုပ်ဆိုရင် ဘယ်လိုပုံစံနဲ့ပဲလုပ်လုပ် ပျော်နေတတ်တယ်လေ.. အလုပ်လုပ်ရတဲ့အတွက် ပိုပြီးတောင် ပျော်နေတတ်သေးတာ မဟုတ်လား… အလုပ်မရှိရင် စိတ်ညစ်နေတတ်ပြီး အလုပ်များရင် ပျော်နေပြီဆိုရင်တော့ ဒါဟာ ယောင်းအတွက် အံဝင်ခွင်ကျတဲ့အလုပ်လို့သတ်မှတ်လိုက်တော့နော်…
ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေ ရှိသေးရဲ့လား?
လုပ်ငန်းခွင် ယုံကြည်မှုဆိုတာကလည်း အရေးကြီးတယ်နော်… ငါလုပ်နိုင်တယ်ဆိုတဲ့ ယုံကြည်မှု ပေါင်းသင်းဆက်ဆံနိုင်တဲ့ ယုံကြည်မှု အများနဲ့ တန်းတူလုပ်ကိုင်နိုင်တဲ့ ယုံကြည်မှုဆိုတာတွေက ကိုယ့်ရဲ့ ဝါသနာပါတဲ့ အလုပ်တွေမှာ ပိုပြီး ရှိနိုင်ပါတယ်… ကိုယ်စိတ်မပါတဲ့ အလုပ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် သိမ်ငယ်စိတ် အားငယ်စိတ်တွေဖြစ်နေနိုင်ပါတယ်…
စကားစပ်မိတုန်း အက်ဒ်မင်ရဲ့ အတွေ့အကြုံလေးကိုပါ ပြောပြချင်ပါတယ်… အက်ဒ်မင် ကျောင်းပြီးစတုန်းက အိမ်ကမိဘတွေသဘောကျတဲ့ ကျောင်းကိုတက်ခဲ့ရပြီး အဲဒီဘာသာရပ်နဲ့ပတ်သက်တဲ့ အလုပ်ကို ဝင်ပြီး လုပ်ကိုင်ခဲ့ရတယ်… အလုပ်စဝင်တဲ့အချိန်မှာတော့ အလုပ်လုပ်ချင်တဲ့ အရွယ်လည်း ဖြစ်နေတော့ အဆင်ပြေတယ်ထင်ခဲ့ပေမဲ့ အချိန်ကြာလာတာနဲ့အမျှ အလုပ်သွားရမှာကို ကြောက်လာပြီး အလုပ်ချိန်မြန်မြန်ကုန်ဖို့ကိုပဲ တွေးနေခဲ့တာပေါ့… ဘာပဲလုပ်ရလုပ်ရ ကိုယ့်အတွက် ခက်ခဲတယ်လို့ထင်ခဲ့တယ်လေ.. အဆိုးဆုံးကတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု လုံးဝပျောက်ဆုံးသွားတာပါပဲ…
ဒါနဲ့ပဲ ဝါသနာပါတဲ့ အလုပ်ကို ရှာဖွေရတော့တာပေါ့… ဝါသနာပါပြီး ကိုယ်နဲ့ ကိုက်ညီတဲ့ အလုပ်လည်း ဖြစ်ရော လူလောက်ပဲ ပင်ပန်းတော့တယ်.. စိတ်ကတော့ အလုပ်လုပ်ရတာ ပျော်နေတော့ စိတ်တွေလည်း ချမ်းသာပေါ့… ကိုယ်နှစ်သက်ရာ ဝါသနာပါရာကို လုပ်နေရတော့ အချိန်ကုန်လို့ ကုန်သွားမှန်းလည်း မသိလိုက်တော့ဘူးလေ…
Fri တို့ အားလုံးလည်း ကိုယ်နဲ့ ကိုက်ညီမယ့် အလုပ်ကို ရှာဖွေနိုင်ကြပါစေလို့…

Comments