Skip to main content
မြောက်ဝင်ရိုးစွန်းက ထူးဆန်းလှပတဲ့ အော်ရိုရာ ရောင်စဉ်တန်းတွေ
ကမ္ဘာရဲ့ သံလိုက်စက်ကွင်းကြောင့် ဖြစ်ပေါ်တဲ့ အလင်းရောင်

အံ့သြဖွယ်ရာ အလင်းရောင်စဉ်တန်းပုံတွေကို မြောက်ဝင်ရိုးစွန်းအနီး အလက်စကားပြည်နယ်မှာ ရိုက်ယူခဲ့တာပါ။

မြင်ကွင်းက အိပ်မက်ဆန်လွန်းလို့ မြင်ရသူအဖို့ မယုံနိုင်အောင် ဖြစ်ရပါတယ်လို့ ဓာတ်ပုံဆရာက ဆိုပါတယ်။

နေက လွှင့်ထုတ်လိုက်တဲ့ solar wind မှာ ပါလာတဲ့ အမှုန်တွေဟာ ကမ္ဘာ့ သံလိုက်စက်ကွင်းနဲ့ ရိုက်ခတ်တဲ့အခါ အခုလို အလင်းတန်းတွေ ထွက်လာတာပါ။

အလင်းတန်းတွေဟာ လေထုထဲက ဓာတ်ငွေ့အမျိုးအစားပေါ်မူတည်ပြီး အရောင်ပြောင်းလဲတတ်ပါတယ်။

အောက်ဆီဂျင်နဲ့ ထိတွေ့တဲ့အခါ အနီ သို့မဟုတ် အစိမ်းရောင် တောက်ပြီး နိုက်ထရိုဂျင်နဲ့ တွေ့ရင် ခရမ်းရောင် ထွက်ပါတယ်။

နေပေါ်မှာ မီးမုန်တိုင်းတွေ ပေါ်ပေါက်တဲ့ ကာလမျိုးမှာ အော်ရိုရာတွေကို ပိုမို တွေ့မြင်ရတတ်ပါတယ်။

ဓာတ်ပုံဆရာ Steven Kazlowski ကတော့ အခုလို ပုံတွေ ရိုက်ယူခွင့်ရဖို့ အနှစ် ၂၀ လောက် စောင့်ခဲ့ရတယ်လို့ ဆိုပါတယ်။
Comments