မသန်စွမ်းသူတစ်ဦး မတရားပြုခံရသောအခါ

မသန်စွမ်းသူတစ်ဦး မတရားပြုခံရသောအခါ
စော်ကားခံရမှုကို တရားခွင်မှာ ရင်ဆိုင်ဖြေရှင်းဖို့ဆိုတာ မသန်စွမ်းသူအတွက် အင်မတန်ခက်ခဲလှပါတယ်


ရန်ကုန်ဆင်ခြေဖုံးက ခြေမသန်တဲ့ ဆယ်ကျော်သက် မစံပယ် (အမည်လွှဲ)ကို လွန်ခဲ့တဲ့ ၂ နှစ်ကျော်က မိသားစုနဲ့ နီးစပ်သူအမျိုးသားတစ်ဦးက အယုံသွင်းပြီး ဆိတ်ကွယ်ရာတစ်ခုဆီ ခေါ်ဆောင်သွားပါတယ်။

အမျိုးသမီးအဖွဲ့၊ ကလေးသူငယ်စောင့်ရှောက်ရေးအဖွဲ့များရဲ့ ကွင်းဆင်းပညာပေးဆွေးနွေးပွဲတွေ တက်ရောက်ဖူးတဲ့ မစံပယ်ဟာ သူအန္တရာယ်ရှိနေပြီဆိုတာကို သိလိုက်တာနဲ့တပြိုင်နက် အဲဒီလူရဲ့ လက်ထဲကနေ ရှိသမျှခွန်အားသုံးပြီး ထွက်ပြေး လွတ်မြောက်နိုင်ခဲ့ပါတယ်။

“သူက သမီးရဲ့ ရင်သားတွေကို ကိုင်လို့ သမီး သူ့လက်တွေကို ကုန်းကိုက်ပစ်တယ်၊ ရှိသမျှအားကုန်သုံးပြီး တွန်းထုတ်ပစ်တယ်” လို့ မစံပယ်က ပြောပါတယ်။

သူအိမ်ပြန်ရောက်တယ်ဆိုရင်ပဲ အကြောင်းစုံပြောပြတော့ မိဘတွေက မတရားပြုကျင့်ဖို့ ကြံစည်ကြိုးစားသူကို တရားစွဲဆိုခဲ့ပါတယ်။ အမျိုးသမီးနဲ့ ကလေးသူငယ် စောင့်ရှောက်ရေး အဖွဲ့တွေရဲ့ အကူအညီယူပြီး တရားစွဲတာပါ။ ၂ နှစ်ကျော်ကြာ စစ်ဆေးမှုတွေ အပြီးမှာတော့ တရားရုံးက သက်သေခိုင်လုံတဲ့အမှု မဟုတ်ဘူးလို့ ဆုံးဖြတ်လိုက်ပါတယ်…

crd : m

Comments