မြန်မာ ဂျပန်အစားအစာအကြောင်းသိကောင်းစရာ
ဂျပန်အစားတွေဟာ မြန်မာနိုင်ငံမှာတော်တော်လေး လူသိများလာသလို ခေတ်လည်းစားလာပါတယ်။ လူကြိုက်များလာသလို ဆိုင်တွေဟာလည်းများလာပါတယ်။ ဒါပေမဲ့ ဂျပန်စားသောက်ဆိုင်တွေကို ရောက်တဲ့အခါမျိုးမှာ မီနူးကိုဖတ်ရတာ တော်တော်လေးကို အခက်တွေ့လှပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မီနူးမှာရေးထားတာတွေက ဂျပန်အခေါ်အဝေါ်တွေနဲ့ဖြစ်နေလို့ပါပဲ။ ဂျပန်ကားကြည့်သူတွေနဲ့ ဂျပန်စာတတ်သူတွေသာ သိနိုင်တာမို့ တခါတလေမှာ ဘာမှရမှန်း မသိတာမျိုး ဖြစ်တတ်ပါတယ်။ အဲ့လိုမဖြစ်ရစေဖို့နှင့် ဗဟုသုတလည်းရှိသွားအောင် အောက်ကဆောင်းပါးလေးကို ဆက်ဖတ်လိုက်ရအောင်။
ဆူရှီရဲ့သမိုင်းကြောင်း
ဂျပန်နိုင်ငံမှာ အရင်ခေတ်တုန်းက လင်ယောက်ျားတွေ ငါးဖမ်းသွားထွက်တဲ့ အခါ ဇနီးမယားတွေဟာ စားစရာများကို တာရှည်ခံအောင် တီထွင်ကြံဆရင်းက စခဲ့တာဖြစ်ပါတယ်။ အောက်မှာ ဂျပန်အစားအသောက်တွေရဲ့အခေါ်ဝေါ်တွေကို ဆက်လက်လေ့လာ ကြရအောင်။
ဆူရှီ
တော်တော်များများ သိပြီးသားဖြစ်ကြမှာပါ ထမင်းကို ရေညှိနဲ့လိပ်ပြီး အစာပလာအမျိုးမျိုး ထည့်ပြီးလိပ်ထားတဲ့ ဆူရှီထမင်းလိပ်ဖြစ်ပါတယ်။
နီဂိရီ
ထမင်းတုံးလေးတွေပေါ်ကို အသားလွှာလေးတွေ တင်ထားတဲ့ အစားအစာတစ်မျိုးပါ။
ဂါရီ
ဂျင်းပြားကို သကြားရေနဲ့ စိမ်ထားတာပါ။ အသားစိမ်းနဲ့ တွဲဖက်စားသုံးရတာပါ။ စာရေးသူကတော့တော်တော်လေးကြိုက်ပါတယ်။
ဝါဆာဘိ
အစိမ်းရောင်အနှစ်လေးပါပဲ။ သွားတော့မစမ်းလိုက်ပါနဲ့။ စပ်တာထက် ပူတာပါ။ အဓိကက အသားစိမ်းတွေကနေ ကျန်းမာရေးမထိခိုက်အောင်စားကြတာလို့ ဆိုကြပါတယ်။
ရှောယု
ငံပြာရည်ပါ။ စာရေးသူကတော့ ဘာနဲ့တို့စားစား အဆင်ပြေတယ်လို့ကို ထင်နေတာပါပဲ။ အရသာက မငံပဲ တော်တော်ကောင်းပါတယ်။
တော်တော်လေးလည်းစုံပြီထင်တာပဲနော်၊ ဆိုင်ရောက်သွားရင် ဘာတွေမှန်းမသိဖူးလို့ အော်မနေနဲ့တော့နော်။
သူငယ်ချင်းတွေကို ဆရာကြီးလုပ်တော့နော်။






Comments