ဗဟုသုတရှာနေတဲ့သင့်အတွက်

အွန်လိုင်းပေါ်ကနေ မိမိသိလိုသော ပညာရပ်များသင်ယူနိုင်မယ့် Website (34) ခုgoogle.com
သင် skill အသစ်တစ်ခုခု သင်ယူချင်နေပါသလား? အပြင်မှာ ငွေကုန်ကြေးကျများတဲ့ သင်တန်းတွေ၊ ကျောင်းတွေမှာ သွားတက်စရာမလိုဘဲ အွန်လိုင်းကနေ အလွယ်တကူ သင်ယူလို့ရနေပါပြီ.။
 
အောက်မှာဖော်ပြပေးထားတဲ့ website (37) ခုမှာသင်ယူချင်တာအားလုံး သင်ယူလို့ရပါတယ်.။ အားလုံးဆိုတဲ့နေရာမှာ ကိတ်မုန့်ဘယ်လိုဖုတ်ရမလဲ ကနေစပြီး Data Analytics အထိ အားလုံးပါဝင်ပါတယ်.။ Course အများစုဟာ Free ဖြစ်ပါတယ်.။ သင့်မှာ Visa, Mastercard အစရှိတဲ့ Online Payment တွေ ရှိတယ်ဆိုရင် Paid Course တွေကိုလဲ ဝယ်ယူသင်ကြားနိုင်ပါတယ်.။ အသုံးလိုတဲ့အခါ ပြန်ရှာနိုင်ဖို့ Bookmark (သို့) Save လုပ်ထားဖို့ အကြံပေးပါရစေ.။ ကဲ ဘာတွေပါလဲ ကြည့်လိုက်ရအောင်..
 
အွန်လိုင်းကနေသင်ယူဖို့..
 
edX - ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ်များမှ ပို့ချပေးနေသောသင်တန်းများ
 
Coursera - ကမ္ဘာ့အဆင့် သင်တန်းများကို Free သင်ယူနိုင်သည့် website
 
Highbrow - သင့် Email ထဲသို့ သင်တန်းငယ်လေးများ နေ့စဉ်ပို့ပေးသော website
 
Skillshare - သင့်ရဲ့ Creativity ကို အဆင့်မြှင့်တင်ပေးမယ့် သင်တန်းများ
 
Curious - အွန်လိုင်းမှတဆင့် Video Lesson များ ကြည့်ရှုသင်ကြားနိုင်မည့် website
 
Lynda.com - နည်းပညာ၊ တီထွင်ဖန်တီးမှု နှင့် စီးပွားရေးဆိုင်ရာများ သင်ကြားနိုင်မည့် website
 
CreativeLive - ကမ္ဘာ့အကောင်းဆုံး Expert များထံမှ သင်ယူနိုင်မည့် website
 
Udemy - လက်တွေ့ကျတဲ့ သင်ခန်းစာများ သင်ယူနိုင်မည့် website
 
Code ရေးခြင်းဆိုင်ရာ သင်တန်းများပို့ချပေးသည့် Website များ
 
Codecademy – Code ရေးနည်းတွေကို Interactive သင်ခန်းစာတွေနဲ့ Free သင်ယူနိုင်မယ့် website
 
Codeplace – Code ရေးသားခြင်းသင်ခန်းစာတွေကို အခြေခံမှ စပြီး သင်ယူနိုင်မယ့် website
 
Udacity - နိုင်ငံတကာမှ လက်ခံကြတဲ့ NanoDegree များ ရယူနိုင်မယ့် website
 
Platzi – Design, Marketing နဲ့ Code သင်ခန်းစာများကို Live Streaming ဖြင့် သင်ယူနိုင်မယ့် website
 
Sitepoint – Web Development နဲ့ ပတ်သက်တဲ့ သင်တန်းများ သင်ယူနိုင်မယ့် website
 
Code School – Coding နဲ့ပတ်သက်တဲ့ လက်တွေ့သင်ခန်းစာများ သင်ယူနိုင်မယ့် website
 
Thinkful - တစ်ယောက်ချင်းစီ Mentor လုပ်ပေးတဲ့စနစ်ကို အသုံးပြုပြီး သင့်ရဲ့ Career တိုးတက်အောင်လုပ်ဆောင်ပေးမယ့် website
 
Code.org - လွယ်ကူတဲ့ Tutorials များနဲ့ Coding ရေးသားနည်းများကို အလွယ်တကူသင်ယူနိုင်မယ့် website
 
Treehouse – HTML, CSS, iPhone Apps ရေးသားနည်း အစရှိတဲ့ သင်ခန်းစာများ သင်ယူနိုင်မယ့် website
 
One Month – Coding နှင့် web applications သင်ခန်းစာများကို တစ်လအတွင်း သင်ယူနိုင်မယ့် website
 
Dash – Website အလန်းများ တည်ဆောက်ခြင်းများကို သင်ယူနိုင်မယ့် website
 
Data နှင့်ပတ်သက်သော သင်ခန်းစာများ သင်ယူနိုင်မည့် website များ
 
DataCamp – Data Science နှင့်ပတ်သက်သော tutorials များဖြင့် သင်ယူနိုင်မယ့် website
 
DataQuest – Data သင်ခန်းစာများ သင်ယူနိုင်မယ့် နောက်ထပ် website တစ်ခု
 
DataMonkey – Data သင်ခန်းစာများကို ပျင်းရိငြီးငွေ့ခြင်းမရှိဘဲ သင်ယူနိုင်သော website
 
ဘာသာစကားအသစ်များ သင်ယူနိုင်မယ့် Website များ
 
Duolingo - ဘာသာစကားအသစ်များကို Free သင်ယူနိုင်မယ့် website
 
Lingvist - ဘာသာစကားအသစ်တစ်ခုကို နာရီ ၂၀၀ အတွင်း သင်ယူနိုင်မယ့် website
 
Busuu - ဘာသာစကားအသစ်များ Free သင်ပေးသည့် Community Website
 
Memrise - စာလုံးပေါင်းသတ်ပုံများ သင်ယူနိုင်မယ့် website
 
Knowledge နှင့်ပတ်သက်သော သင်ခန်းစာများ သင်ယူနိုင်မယ့် Website များ
 
TED-Ed - ပညာရပ်ဆိုင်ရာ video များစွာကို စုစည်းပေးထားသော website
 
Khan Academy - ကိုယ်တိုင်လိုက်ပါလုပ်ဆောင်နိုင်မယ့် သင်ခန်းစာများ စုစည်းပေးထားသော website
 
Guides.co - အွန်လိုင်းမှာရှိတဲ့ Guides တွေကို စုစည်းပေးထားတဲ့ website
 
SquareKnot – Step by Stey Guide များကို လှပစွာစုစည်းပေးထားတဲ့ website
 
Learnist – Web, Print နှင့် Vedio ဖိုင်များကို စနစ်တကျ စုစည်းပေးထားတဲ့ website
 
Prismatic – Social Media ပေါ်မှ Recommendations များကို အသုံးပြုပြီး သင်ခန်းစာများ စုစည်းထားတဲ့ website
 
Bonus
 
Pianu - စန္ဒယားတီးနည်းများ သင်ယူနိုင်မယ့် website
 
Yousician - အွန်လိုင်းမှ ဂစ်တာတီးနည်း သင်ပေးတဲ့ website
 

Comments